______________ မျိုး ဝင်း တလောက ဒေါ်စုတယောက် စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပွဲမှာ အခွန် နဲ့ ပတ်သပ်ပြီး ပြောခဲ့တာ မှတ်မိမှာပါ ။ " သယံဇာတ တွေ ထုတ်မရောင်းချင်လို့ အခွန်တွေ တိုးကောက်ရတာပါ " ကဲ အဲဒီစကားကြားကထဲက မယုံခဲ့လို့ သယံဇာတ နဲ့ ပတ်သက်ပြီး NLD ဘာတွေ လုပ်ခဲ့သလဲ လုပ်နေသလဲ လေ့လာတော့ ဒါတွေ တွေ့ရပါတယ် ။ ၁။ 8-8-2017 တုန်းက စင်္ကာပူအခြေစိုက် Sunbana Jurong အုပ်စုနဲ့ မွန်ပြည်နယ် ရေနံ နဲ့ သဘာဓါတ်ငွေ့ ထောက် ပံ့ရေး အခြေစိုက် စခန်းတခု အတွက် MOSB စာချုပ် ချုပ်ထားပါပြီ ။ ၂။ မလေးရှား Petronas ကုမ္ပဏီနဲ့ မြိတ်ကျွန်းစုမှ မိုင် ၄၀ အကွာရှိ ကမ်းလွန်သဘာဝဓါတ်ငွေ့ လုပ်ကွက် ၃ ကွက်အား ပဏာမ တိုင်းတာရေး လုပ်ငန်း လုပ်ဖို့ 11-9-2018 နေ့က ထုတ်ပြန် သဘောတူလိုက်ပါပြီ ။ ၃။ မုတ္တမကမ်းလွန် နဲ့ တနင်္သာရီကမ်းလွန် ရှိ လုပ်ကွက် M-9 / M-11 / MD - 7 တို့ကို 2018 မှ 2020 အတွင်း လုပ်ကိုင်ခွင့်ကို ထိုင်းကုမ္မဏီအား ပေးလိုက်ပါပြီ ။ ၄။ ကနေဒါ အခြေစိုက် Pacific Hunt Energy ကုမ္ပဏီအား စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ရေနံလုပ်ကွက် PSC C 1 ကို 2018 ဒီဇင်ဘာမှ 2019 မေလတိုင်အောင် စတင်တူးဖေါ်စေ၍ ဒုတိယအကြိမ် တူးဖေါ်ခြင်းကို 2019 နှစ်ကုန်ပိုင်းမှာ ဆောင်ရွက်ဖို့ သဘောတူထားပါပြီ ။ ၅။ ကျောက်ဖြူအထူးစီးပွားရေး ဇုံအတွက် CITIC အုပ်စုနဲ့ စာချုပ် ချုပ်ပြီးပါပြီ ။ ၆။ 2017 ဧပြီလတုန်းက သစ်မထုတ်တော့ဖူးဆိုပြီး ကြေငြာချက်ထုတ်ကာ ပြည်သူ့လက်ခုပ်သံ ချူယူခဲ့တဲ့ NLD အစိုးရဟာ 2-9-2017 မှာပဲ တိုက်ကြီး နဲ့ သာယာဝတီရှိ ကြိုးဝိုင်းသစ်တောမှ ကျွန်းစိုက်ခင်း ဧက ၁၀၀၀၀ ကျော်ကို အင်္ဂလိပ် ကုမ္ပဏီအား ထုတ်ခွင့် ပြုခဲ့ကြောင်း ဒု ညွှန်မှူး ဦးသန်းအောင်က ပြောပါတယ်။ (ကဏ္ဍ ပေါင်းစုံ အခွန်တွေ တိုးမြှင့် ကောက်ခံခဲ့ပေမယ် သစ်ကိုတော့ 0 % အခွန်သတ်မှတ်ခဲ့တာ ထူးခြားလှပါတယ်။ ဧက တစ်သောင်းမှာ ကျွန်းတန်ပေါင်း ဘယ်လောက်ထွက်နိုင်ပါသလဲ ပညာရှင်များ တွက်ကြည့်ပါ။) အဘတွေ ခုတ်လို့ ကုန်သွားပါပြီ ဆိုတဲ့ သစ်တောတွေထဲကနေ ယခုနှစ် ကျွန်းတန်ချိန် ၁၅၀၀၀ ကျော် ခုတ်ပါမယ် ။ နှစ် ၁၀၀ သက်တန်းရှိ ကျွန်းပင်ပေါင်း 70 % ပါဝင်မှာ ဖြစ်ပါတယ် ။ 2018-2019 ဘဏ္ဍာနှစ်အတွက် ကျွန်းအပါအဝင် အခြားသစ်မာ များကို စုစုပေါင်းတန်ချိန် သုံးသိန်း ခြောက်သောင်းကျော် ထုတ်ပါမယ် ။ ၇။ ကျောက်မျက် လုပ်ငန်းမှ NLD လက်ထက် သုံးနှစ် ခွဲ အတွင်း 664.57 ဘီလီယံ အပ်နှံ ခဲ့ပါတယ် ( ယင်းငွေဟာ 20 % မျှသာ ဖြစ်ပါတယ် ။ ဝန်ကြီး ဌာနက သီးခြား ရန်ပုံငွေ အဖြစ် ကျန် 80 % သိမ်းဆည်းထားပါတယ် ) ကဲဒါတွေကတော့ သယံဇာတ မထုတ်ပါဘူးဆိုတဲ့ NLD အစိုးရ ရဲ့ သယံဇာတ ထုတ်ဖေါ်နေမှု စာရင်းတွေပဲ ဖြစ်ပါတယ် ။ အဘတွေ ခိုးလို့ ကုန်ပြီဆိုသူများ အပါအဝင် သယံဇာတ နဲ့ ပါတ်သပ်ပြီး လိမ်ညာခဲ့သည့် အစိုးရ အကြောင်း ဖေါ်ကောင်လုပ်လိုက်ပါပြီ ။ နီပိန်းများ စပ်ကြပါလေ။ ..