ဝန်ကြီးချုပ်မို့ တရားဝင်အကျင့်ပျက်ခွင့် ပေးထားသလား ? ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြည်ထဲရေးက အရာထမ်း အချို့အကျင့်ပျက်လို့ စုံ/ကော်မှာ အစစ်ခံရတယ်။ တကယ်လည်းအကျင့် ပျက်တာ မှန်နေတယ်… ဖြိုးမင်းသိမ်း သိန်းထောင်ချီတန်သည့်နာရီ ကိစ္စမှာ စုံ/ကော်အထိ မရောက်ဘဲ အမှန်တရားဖော်ထုတ်သူကို ၆၆ ဃ နဲ့ ဘာကြောင့် ချက်ခြင်းဖမ်းပြီး ထောင်ထဲထည့်ရတာလဲ ?... ဖုန်စုပ်စက် တစ်စီး သိန်း ၁၀၀၀ ဝန်းကျင်ပဲတန်တာကို သိန်း ၅၆၀၀ နဲ့စာရင်းပြတယ် … တကယ်ဈေးနှုန်းပေါက်ဈေးတွေ ကားအမျိုးအစားတွေ ကုမ္ပဏီနာမည်တွေ အကုန်လုံးကို ဓါတ်ပုံနဲ့တကွ ဖော်ထုတ်ပြတာတောင်မှ ဖြိုးမင်းသိမ်းကို ဘာစစ်ဆေးမှုမှမလုပ်ဘဲ အမှန်တရားဖော်ထုတ်သူ ဘုန်းကျော်ကို တရားစွဲဖို့ ဘာကြောင့်ကြံစည်ခဲ့ကြတာလဲ ?..... YBS ကားတစ်စီးရဲ့ မူလပေါက်ဈေးအမှန်က ဒေါ်လာ ၃၂၀၀၀ ပဲတန်တာကို ဖြိုးမင်းသိန်းက ကားတစ်စီးရဲ့ တန်ဘိုးကို ဒေါ်လာ ၅၆၀၀၀ နဲ့ စာရင်းလိမ်ပြခဲ့တယ်… တကယ့်ပေါက်ဈေးရော ကားအမျိုးအစားရော အကုန်လုံးကို ဓါတ်ပုံသက်သေနဲ့တကွ ဖော်ထုတ်ပြတာတောင် ဖြိုးမင်းသိန်းကို ဘာကြောင့်စစ်ဆေးမှု မပြုခဲ့ကြတာလဲ ?... ကားတစ်စီးမှာ ဒေါ်လာ ၂၆၀၀၀ ကွာဟနေတယ် အစီးရေ ၁၀၀၀ ဆိုဒေါ်လာ သိန်းပေါင်း ၂၆၀ ကွာနေပြီ မြန်မာငွေနဲ့ဆို ဘယ်လောက်ဖြစ်သွားပြီလဲစဉ်းစားကြ !!! နိုင်ငံတော်က ဘတ်ဂျက် ကျပ်သိန်းပေါင်း ၇၀၀၀၀ ချပေးတယ်…. နိုင်ငံတော်ဘဏ်မှာသာ အပ်နှံခွင့်ရှိတာကို ဘာကြောင့် သူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲမှာ ထည့်ရတာလဲ ?... အဲဒီအတွက် တစ်လလျှင် ကျပ်သိန်းပေါင်း ၄၀၀၀ ဝန်းကျင် အတိုးရနေတာကို အစိုးရအဖွဲ့က ဘာကြောင့် အရေးမယူကြတာလဲ ? ဝေစားမျှစားတွေလား ? … အဲတာဆိုရင်တော့ ခေတ်အဆက်ဆက် အစိုးရတွေနဲ့ ဘာမှမထူးဘူးဗျာ … ဥပဒေဆိုတာ ရာဘာကွင်း မဟုတ်ဘူးနော်… အားလုံးကို တပြေးညီဆက်ဆံနိုင်မှ တရားဥပဒေစိုးမိုးရေး အကျင့်ပျက်လာဒ်စားမှု တိုက်ဖျက်ရေးလို့ အော်ကြပါဗျို့ … ZAW WIN MYAT