ရှင်းပြီးသားကို ရှုပ်နေကြသူများ *********************** ရမည်းသင်းမွတ်စလင်သချိ င်္ုင်းဟောင်းမြေနေရာ ပိတ်သိမ်းထားမှု(၃)နှစ်နီးပါးရှိသော်လည်း လူထုအကျိုးပြုလုပ်ငန်းအကောင်အထည်ဖော်မှုမရှိသေးပဲ သက်ဆိုင်ရာများနှင့်ပေါင်းကာ မြေနေရာပြန်လည်ရရှိရေးကြိုးပမ်း —------------------------ ရမည်းသင်း နိုဝင်ဘာ ၁ ရမည်းသင်းမြို့ပေါ်၌ မြို့မသုဿာန်(ဗမာသုဿာန်)ဟောင်းနှင့်မွတ်စလင်သုဿာန်ဟောင်းများကို အတူတူပိတ်သိမ်း၍ မြို့အနောက်ဘက်သို့အသစ်အသီးသီးပြောင်းရွှေ့ထားပြီးဖြစ်ကာ ထိုအသစ်မြေရာ၌သာယခုအသုံးပြုလျက်ရှိနေပါသည်။ ဗမာသုဿာန်ဟောင်းမြေနေရာကို သံဃာတော်များနှင့်ပရိတ်ကမ္မဝါရွတ်ဖတ်မြေသန့်ကာ ယခုအခါလူထုအကျိုးပြု အဝေးပြေးကားဝင်းအဖြစ်ဆောက်လုပ်လျက်ရှိပါသည် လူထုအကျိုးပြုလုပ်ငန်းဖြစ်၍ မည့်သည့်ဗုဒ္ဓဘာသာဗမာလူမျိုးကမှ ကန့်ကွက်ခြင်းအနှောက်အယှက်ပေးခြင်း ပြန်လည်ရယူလိုခြင်းစသည်မပြုလုပ်ကြပါ အားလုံးအေးအေးချမ်းချမ်းပင်ဖြစ်ပါသည်။ မွတ်စလင်သုဿာန်ဟောင်းမြေနေရာကိုမူ မွတ်စလင်များက သူတို့ပုဂ္ဂလိကဘိုးဘွားပိုင်မြေဖြစ်ကြောင်းအစပထမတော့လုပ်ကြည့်ပါသေးသည် မြို့နယ်စည်ပင်က သုဿာန်မြေနေရာမှန်သမျှစည်ပင်ပိုင်မြေဖြစ်ကြောင်းအထောက်အထားနှင့်ပြမှ မွတ်စလင်ပန်းခြံအဖြစ်သပ်သပ်ရပ်ရပ်ပြုလုပ်ခွင့်ပေးရန်ထပ်မံတောင်းဆိုပါသည်။ ထိုတောင်းဆိုမှုကိုလည်း မြို့နယ်စည်ပင်ကလက်မခံပဲ အများပြည်သူအကျိုးပြုလုပ်ငန်းလုပ်မည်ဖြစ်ကြောင်းအကြောင်းပြန်ကာ "စည်ပင်ပိုင်မြေမကျူးကျော်ရ"ဆိုင်းဘုတ်စိုက်ထူပြီး ပုံပါအတိုင်းသံဃာတော်များနှင့်ပရိတ်ကမ္မဝါရွတ်ဖတ်ကာ မြေသန့်မင်္ဂလာပြုလုပ်ပြီးဖြစ်ပါသည်။ထိုစည်ပင်ပိုင်မြေသုဿာန်ဟောင်းသည်သူတို့အခေါ်"သူတော်စင်ဗိမာန်"အဆောက်အဦအပါအဝင်ဖြစ်ပါသည်။ သုဿာန်ဟောင်းမြေနေရာပြောင်းရွှေ့ပြီးထဲကထိုအဆောက်အဦကိုလည်း သုဿာန်အသစ်သို့ပြောင်းရွှေ့ပေးရန် ယခင်ခရိုင်ထွေ/အုပ်ဦးကျော်ကျော်ထွန်းကပြောပြီးသားဖြစ်ပါသည်။ (သူတို့အကြောင်းပြက ဒီသူတော်စင်ဂူဗိမာန်မှာ ကွယ်လွန်သွားသူမွတ်စလင်တွေရဲ့ဝိညာဉ်တွေကမပျောက်ပျက်ပဲ ကမ္ဘာဆုံးတိုင်တည်ရှိနေတဲ့အတွက် ပြောင်းရွှေ့လို့မရဘူးဆိုပဲ ဦးကျော်ကျော်ထွန်းကတော့ အဲ့ဒီဝိညာဉ်ရောအကုန်ခေါ်သွားလို့ပြောပါသေးသည်) ဒီကြားထဲလဲစည်ပင်ကအကောင်အထည်ဖေါ်မည့်လုပ်ငန်းရှင်များကိုလည်း အကောင်အထည်မဖေါ်ဖြစ်အောင်အမျိုးမျိုးခြိမ်းခြောက်အနှောက်အယှက်ပေးသည်-ဟုသိရပါသည်။ မွတ်စလင်အများစုသည် နိုင်ငံတော်ပိုင်မြေကိုတစ်လက္မရလျင်တစ်လက္မအချောင်ယူလိုသည့်အားလျော်စွာ သချိ င်္ုင်းဟောင်းမြေနေရာမရမှန်းသိတော့ ထိုမြေနေရာဟောင်းအတွင်းပါဝင်သည့် သူတို့အခေါ်"သူတော်စင်ဗိမာန်"မြေနေရာကိုယခင်ကစည်ပင်ဆီကဝယ်ပါသေးသည် စည်ပင်ကမရောင်းတော့ ယခုနောက်ဆုံးကျိုးစားမှုအဖြစ် မြို့နယ် NLDကိုယ်စားလှယ်ကတစ်ဆင့်ကပ်ကာ တိုင်းNLDဥက္ကဋ္ဌကိုတင်ပြပြီးတိုင်းအဆင့်ကတစ်ဆင့် လွှတ်တော်ရှင်းလင်းပွဲသီလဝခန်းမလာရင်းကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြခြင်းဖြစ်ပါသည်။ အခုကိစ္စကရှင်းနေတာကိုရှုပ်အောင်လုပ်နေကြတာဖြစ်ပါသည် ဂူဗိမာန်မြေနေရာသည် မြို့နယ်စည်ပင်ပိုင် သုဿာန်အဟောင်းမြေနေရာအဝန်းအဝိုင်းထဲပါဝင်ပြီးဖြစ်၍ စည်ပင်နဲ့ကော်မတီအငြင်းပွားနေတာမဟုတ်ပဲ သူတို့တစ်ဘက်သတ်ထဲသာအငြင်းပွားနေတာဖြစ်ကြောင်းသိစေအပ်ပါသည်။ မင်းကျောင်း အရှင်စန္ဒောဘာသ-ရမည်းသင်း Copy. 7-nwes.