စစ်တပ်ကိုလော်ချင်နေတဲ့ ငပိန်းတွေဖတ်ဖို့ ************************************** တောင်ကြီးမှာ မိုင်းကွဲတာနဲ့ပတ်သက်ပြီး တစ်ဖက်ကလော်ဘီတွေက တပ်ကို ဝိုင်းပြီးယိုးစွပ်နေကြတာ တွေ့ရတယ် ။ သူတို့ထောင်တဲ့ မိုင်းမို့ သူတို့ဖော်ရဲတာပေါ့ တို့ ။ မိုင်းတွေ လက်ပစ်ဗုံးတွေရှိတာ စစ်တပ်ပဲ ရှိတယ် တို့ စသဖြင့် စသဖြင့် ။ တချို့ကလည်း မိုင်းကို တာယာကွင်းနဲ့အုပ်ပြီး ကာတာကို ဘုမသိ ဘမသိနဲ့ အပြစ်ပြောချင်ကြတယ် ။ တချို့ကလည်း မိုင်းဖော်တဲ့ ရဲဘော်တွေမှာ အကာအကွယ်မပါတာကို ကဲ့ရဲ့ချင်ကြတယ် ။ ပြောပါရစေ မိုင်းဆိုတာမျိုးက ဖော်မှ ကွဲတတ်တာ မဟုတ်ပါဘူး ထောင်နေရင်းနဲ့လည်း ကွဲတတ်ပါတယ် ။ စစ်အစိုးရလက်ထက်က ရန်ကုန်မြို့ကြီးကို မိုင်းပတ်ခွဲနေတဲ့ ABSDF က ကောင် မိုင်းထောင်နေရင်းနဲ့ ကွဲပြီး သေသွားလို့ အရိုးအသားတွေ တစ်စစီလိုက်ကောက်ခဲ့ရဖူးပါတယ် ။ နောက်တစ်ခုက ကိုယ်ထောင်ခဲ့တဲ့မိုင်းမို့ ကိုယ်ပြန်ဖော်ရတာဆိုရင် အလွယ်တကူပြန်ဖော်နိုင်အောင်လို့ မိုင်းထောင်သူအတွက် လုံခြုံရေးခလုတ်တစ်ခု ထားခဲ့မှာပါ ။ Movie ထဲမှာ ကြည့်လိုက်ရင် မိုင်းကိုဖော်ရတာ အန္တရာယ်များလို့ water bottle ( ယူဆရ ) နည်းနဲ့ ဖောက်ခွဲဖျက်စီးပစ်လိုက်တာ တွေ့ရမှာပါ ။ မိုင်းကို ပေါက်ကွဲအောင် ခွဲတာမဟုတ်ပါဘူး မိုင်းရဲ့စနစ်တွေ သက်မဲ့ဖြစ်သွားအောင် ရေအားနဲ့ ယမ်းကြိုးတွေ စနက်ကြိုး စနက်တံတွေသုံးပြီး ဖျက်စီးလိုက်တာသာ ဖြစ်ပါတယ် ။ ဒါ … မိုင်းကို ဖောက်ခွဲဖျက်စီးခြင်းနဲ့ သက်မဲ့လုပ်တာဖြစ်ပါတယ် ။ မိုင်းဖော်နေတဲ့ ရဲဘော်တွေဟာ EOD တွေ မဟုတ်ပါဘူး သာမာန်စစ်အင်ဂျင်နီယာတပ်က အတွေ့အကြုံရင့် ဆရာတွေသာ ဖြစ်နိုင်ပါတယ် ။ EOD တွေဆိုရင် Water Cannon လို ပစ္စည်းမျိုး ပါလာမှာပါ ခွဲဖို့လိုရင် အဲဒါနဲ့ ပစ်ခွဲမှာပါ ။ သူတို့လည်း အရေးပေါ်ထွက်လာခဲ့ရတာ ဖြစ်နိုင်ပါတယ် စက်ပစ္စည်းပိုင်း အားနည်းပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရဲရင့်ပြီး တာဝန်ကျေခဲ့ကြတာ တွေ့ရပါတယ် ။ မိုင်းကို တာယာတွေ သဲအိတ်တွေနဲ့ ကာတယ်ဆိုတာ ပေါက်ကွဲခဲ့ရင် လူထုကို မထိခိုက်အောင် ကာဗာယူထားတာ ဖြစ်ပါတယ် ။ Movie မှာ ဝိုင်းကြည့်နေတဲ့သူတွေကို တွေ့ရမှာပါ အဲလိုမှ အကာအကွယ်မယူခဲ့ရင် ယမ်းအပြည့်နဲ့အတက်ချီကေ့မိုင်းဗုံးတစ်လုံးရဲ့ ပေါက်ကွဲမှုမှာ အဲဒီ ဖိုးစပ်စုချင် ဒေါ်စပ်စုချင်တွေပါ အန္တရာယ်ရှိနိုင်မှာပါ ။ EOD ဘာသာရပ်မှာ If you see the bomb , the bomb can you see - လို့ ပါ ပါတယ် ။ အဲဒါကြောင့် ဗုံးကို ဖုံးအုပ်ကာရံထားတာ ဖြစ်ပါတယ် ။ ရာဘာတွေ သဲအိတ်တွေနဲ့ ကာတယ်ဆိုတာ ဗုံးပေါက်ကွဲသွားရင် လွင့်ပျံလာမယ့် စပန်နာစတွေကို ထိန်းချုပ်တာဖြစ်ပါတယ် ။ နောက်ဆုံးတစ်ခုပဲ ပြောပါတော့မယ် မိုင်းဗုံးတွေဟာ စစ်တပ်မှာပဲ ရှိတယ်ဆိုတော့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ကောင်တွေက ရေပြွတ်သေနတ်တွေပဲ ကိုင်နေကြလို့လား မအေပေးများရဲ့ … ကိုင်း ။ ။ #ဇေယျကျော်ထင်